Back

လေးလေး - သာသာချိုချို မောင်သာချို

Story illustration

Normal 0 false false false EN-US X-NONE MY

“ သာသာချိုချို မောင်သာချို ”

လေးလေး

(မိုးမခ) အောက်တိုဘာ ၁၆၊ ၂၀၂၆

စာရေးဆရာတွေကွယ်လွန်တော့ သူတို့အမှတ်တရစာအုပ်တွေထွက်လာကြ၊ စာရေးဆရာဆယ်ယောက်သေမှ စာ တအုပ်လောက်ထွက်တတ်တယ်၊ စာရေးသူအမှတ်တရထုတ်ခဲ့တဲ့စာအုပ်တွေထဲမှာတော့ ” လူထုချစ်သမျှ လူထု ဦး လှ ” စာအုပ်က “ စံ ” ထားရတဲ့စာအုပ်လို့ သတင်းစာဆရာ၊ စာရေးဆရာ လင်းယုန်မောင်မောင်က ပြောခဲ့ရေးခဲ့ဖူး ပါ ယ်။သူပြောဖူးသလိုပါပဲ။ ဆရာဇော်ဂျီတို့ မင်းသုဝဏ်တို့တောင် သူတို့ရာပြည့်နှစ်တွေ၊ ရာပြည့်ကျော်နှစ် ကာလ ကျမှ အမှတ်တရစာအုပ်ရယ်လို့ ထွက်ခဲ့ကြတာမဟုတ်လား … ။

သတိထားမိသလောက် ဟော့ဒီ ၂၀၂၆ ထဲမှာတင် မောင်ခင်မင် ( ဓနုဖြူ ) အမှတ်တရစာအုပ်၊ ဂျာနယ် ကျော် ဦး ချစ်မောင်အမှတ်တရစာအုပ် ( သူကတော့ ဒုတိယအကြိမ်အဖြစ်ထွက်လာတာ ) နဲ့ အခုတခါ မောင်သာချို အ မှတ်တရစာအုပ်၊ သုံးအုပ်တိတိထွက်ခဲ့၊ သခင်ကိုယ်တော်မှိုင်းနှစ် ၁၅၀ ပြည့်အမှတ်တရစာအုပ်ပါထည့်ပေါင်းရင် အမှတ်တရစာအုပ်ချည်း လေးအုပ်တိတိထွက်ခဲ့တယ်။ မိုးမခမှာ မောင်ခင်မင်နဲ့ဂျာနယ်ကျော်စာအုပ် မိတ်ဆက် တွေ ရေးဖြစ်ခဲ့ပါသေးတယ်။

အမှတ်ရစရာတွေရှိလို့ အမှတ်တရစာအုပ်တွေထွက်တာပေါ့၊ သေသာသွားရော လွမ်းလောက်စရာမရှိတဲ့ သူ တွေ ကို အမှတ်ရတဲ့စာအုပ်ရယ်လို့ ဘယ်ထွက်ပါ့မလည်း၊ စာပေနဲ့လူ့ဘောင်လောကအကျိုးပြုစာ တွေရေးခဲ့ သားခဲ့ ဟောခဲ့ပြောခဲ့လို့သာ အမှတ်တရစာတွေထွက်လာတာပေါ့။

ရန်ကုန်တိုင်း၊ ကွမ်းခြံကုန်းဇာတိသား မောင် ညွန့်သောင်း၊ ရန်ကုန်မြောက်ဥက္ကလာရောက်တော့ အထက်တန်း အောင်ပြီး တက္ကသိုလ်တက်၊ သိပ္ပံတွဲကနေ ဝိဇ္ဇာတွဲ မြန်မာ စာပြောင်းယူ၊ ကျောင်းသားဘဝကတည်းက ကဗျာတွေစာတွေရေးပြီး စာပေလောကထဲရောက်နေနှင့်သူ။

လူကလူသွက် ၊တွံတေးသိန်းတန် ခရေဇီ၊ စာသင်ကောင်းသလို အပြောအဟောကလည်းကောင်းတော့ တနှစ် တနှစ် စာပေဟောပြောပွဲသုံးရာကျော် လက်ခံဟောပြောရသူ၊ မောင်သာချိုကလောင်အပြင် ဂျက် ( ကွမ်းခြံကုန်း ) ကလောင်နဲ့သရော်စာတွေရေးသွားခဲ့သူ ၊သူ့စာတွေ ထုံ့ပိုင်းထုံ့ပိုင်း ဟိုတစဒီတစ ဖတ်ခဲ့ရတုန်းက သမီးထံပေးစာ စာစုတွေ၊စာရေးဆရာတချို့ရဲ့ပုံရိပ်လွှာတချို့စာစုတွေ နှစ်သက်သဘောကျခဲ့ဖူး။ မောင်သာချိုအမှတ်တရ စာအုပ် ထဲက ကိုတာ့ ကင်မရာဖမ်းမိတဲ့မောင်သာချိုက ……. ။

“ သာသာချိုချို ချစ်ဖွယ်ဆို၍

ကိုတာ -

ကန်တော်မင်းကျောင်း ဆုံးမစာထဲက ထင်ပါရဲ့။ မသေချာလှဘူး။ မောင်သာချိုအကြောင်း ရေးဖို့ကြံတော့ သာသာချိုချို... ကို သတိရတယ်။ ချိုချိုသာသာပြောတယ်။ နားဝင်အောင်ပြောတယ်။ ပြုံးနေတယ်။ မျက်လုံး ပြူးတယ်။ ပါးစပ်က မဆိုစလောက် ပြဲတယ်။ အဝေးကပင် မြင်နိုင်သည်ဆိုတဲ့ လူစားမျိုးပဲ။ အရပ် ပုတယ်။ တုတ်တုတ်ခိုင်ခိုင် ပုတဲ့ပုနည်းမျိုးပဲ။ “

မောင်သာချို့လိုပဲ စာရေးကောင်းသလို အဟောအပြောလည်းကောင်းတဲ့ စာရေးဆရာနေဝင်းမြင့်က သူနဲ့ မောင်သာချိုတို့ရဲ့ စာပေဟောပြောပွဲအတွေ့အသောတွေကို ခုလို ရေးဖွဲ့ထား .… ။ ပေါ့ပေါ့ပါးပါးဖတ်။

“ ဟောပြောပွဲစင်မြင့်တွေပေါ်မှာတော့ကော။ သူက ရှေ့ကဟောသည်ဆိုပါတော့။ သူဆင်းလာလို့ ကျွန်တော် တက်သွားသည်နှင့် သူ့ကိုတွယ်သည်။

" ကျွန်တော့်ရှေ့က သစ္စကပရိဗိုဇ်တော့ ဟောပြီးသွားပြီ။ ပရိသတ်များလည်း ဆရာချိုဟောတာကြည့်ပြီး မျက်စိနောက်ကြရောပေါ့။ တစ်ချက်မှ အငြိမ်မနေဘူး... မျောက်ကို လက်နှိပ်စက်ချပေးထားတဲ့အတိုင်းပဲ..."

ကျွန်တော်က သူ့ကိုစ , ရင်း ပရိသတ်ကို လိပ်ပြာနှူးရသည်။ သည်လောက်ဆို ပရိသတ်ပွဲကျပြီ။

" ဘယ်နှယ်ဗျာ... မျက်မှန်ချွတ်လိုက်၊ ပုဆိုးခါးပုံစနဲ့ သုတ်လိုက်၊ ရေနွေးသောက်လိုက်၊ မျက်မှန်တပ်လိုက်၊ နာရီချွတ်လိုက်၊ တိုက်ပုံချွတ်လိုက်၊ အင်္ကျီလက်ပင့်လိုက်..."

သူဟောပြောသည့်အခါ ပြနေကျအမူအရာတွေကို ပရိသတ်က မြင်ပြီးသား။ ကျွန်တော်က လူရွှင်တော်စကား နှင့်ဆိုလျှင် တစ်ဆစ်ချင်းဖြုတ်နေခြင်းဖြစ်သည်။ ကျွန်တော်က ပထမဆုံး တက်ရပြီဆိုတော့လည်း သူကတွယ် သည်။ ပရိသတ်ကို ခပ်ကြာကြာပြုံးပြရင်းက...

" သတက်(သွားတက်)ကလေးနဲ့ မောင်သာချိုတက်လာတော့မှ တော်ပါသေးရဲ့ အောက်မေ့ကြတာမဟုတ်လား...။ ကျွန်တော့်ရှေ့ကဟောသွားတဲ့ အိုစမာဘင်လာဒင် မဆင်းမချင်း စိတ်ညစ်နေကြတာ ကျွန်တော်သိပါတယ်..."

" ကန္တာရခရီးသည်တစ်ဦးသို့ လွမ်းစိတ်ရောင်စုံ" ( စာရေးဆရာ မောင်သာချို ကွယ်လွန်ခြင်း တစ်နှစ်ပြည့် အမှတ် တရစာများ) စာအုပ်ထဲမှာ ချစ်ဦးညို၊စမ်းစမ်းနွဲ့(သာယာဝတီ)၊ ဆောင်းဝင်းလတ်၊ သန်းမြင့်အောင်၊ ခင်မြဇင်၊ ဂျုး၊ စတဲ့စာရေးဆရာတွေရဲ့ အမှတ်တရစာစုတွေ ပါတယ်။ ၂၀၂၁ ခုတုန်းက မောင်သာချိုနဲ့ ခရီးထွက်ဖော်တွေ ဖြစ်ကြတဲ့ ကိုမြအေးနဲ့လူမင်းတို့ရဲ့အမှတ်တရစာတွေလည်း ဖတ်ရတယ်။

အိပ်မက်ဖူးစာပေကနေ ၂၀၂၆ ခု၊ ဇူလိုင်လမှာ ပထမ အကြိမ်၊ အုပ်ရေ ၅၀၀ ထုတ်ဝေဖြန့်ချိထားပြီး စာအုပ်တန်ဖိုးက ကျပ် ၁၅ , ၀၀၀ တိတိ။

-

Join Us @ MoeMaKa Telegram

t.me@moemaka

Please show your support, donate with Zelle

Zelle to moemaka.org@gmail.com "MoeMaKa Multimedia"

Like and Subscribe MoeMaKa YouTube Channel

youtube.com/@moemaka

Like us on MoemaKa Facebook

Follow us on X

X.com/MoeMaKa

#MoeMaKaMedia

#WhatsHappeningInMyanmar

The full article is being collected. Available text is shown for now.

Back
Share this story

Get the daily newsletter →

Ask globalread.info

AI news & website helper
What would you like to explore?

I can find stories, explain headlines, or help you use globalread.info.

AI can make mistakes. Check the linked sources. Questions are sent to OpenAI.