← globalread.info

MoeMaKa Media · 10/13/2026 · 1 view

Share this story

မေလင်းနောင် - လီလီဆောင်း

Story illustration

Art- Aung Htet

လီလီဆောင်း

မေလင်းနောင်

(မိုးမခ) အောက်တိုဘာ ၂၀၂၆

ငယ်ငယ်ကတော့ သွေးကြီးဖူးတယ်

အခုတော့ သွေတိုးမှာကို သတိထားနေရတာ။

ရိုးရိုးဖြောင့်ဖြောင့် လမ်းကိုရှာတော့

အပြုံးတွေကလည်း မြှုံးတွေကြီးပဲ။

ဝေးလိုက ဝေးပါစေလို့သဘောထားခဲ့သူမို့

ကိုယ့်အရပ်မှာ မရွာတဲ့မိုးကို

ဘာရိုးမယ်မှ မဖွဲ့ရက်တော့ပါဘူး။

အိပ်မပျော်တဲ့ လက်ဖက်ပင်တွေ

နှလုံးတုန်ချည့်ပြီး မျက်စိကြောင်နေကြပြီထင်ရဲ့။

မေ့ကွက်ကိုရှာတော့ရှာခဲ့တာပါပဲ

ဒီဖလင်မှာက

တစ်ဘဝလုံးစာ ဒီရုပ်ရှင်ပဲပြစရာရှိသူမို့လား။

ဆောင်းမှာပွင့်တဲ့ပန်းတွေလို

ငြိမ်းချင်စေချင်တာကတော့

လုံးဝ(လုံးဝ)ကဗျာမဟုတ်ဘူးစေတနာ။ ။ ။

-

Join Us @ MoeMaKa Telegram

t.me@moemaka

Please show your support, donate with Zelle

Zelle to moemaka.org@gmail.com "MoeMaKa Multimedia"

Like and Subscribe MoeMaKa YouTube Channel

youtube.com/@moemaka

Like us on MoemaKa Facebook

Follow us on X

X.com/MoeMaKa

#MoeMaKaMedia

#WhatsHappeningInMyanmar

Article image
Article image
Source: MoeMaKa Media ↗
Share this story

Ask globalread.info

AI news & website helper
What would you like to explore?

I can find stories, explain headlines, or help you use globalread.info.

AI can make mistakes. Check the linked sources. Questions are sent to OpenAI.